နိုင်ငံတော်နှင့်ဒေသခံမိဘပြည်သူများ၏ ကြိုးပမ်မှုဖြင့် ရှမ်းပြည်နယ်ဒေသကောလိပ် (လားရှိုး) ကို ၁၉၇၈-ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာနမှ ၁၉၈၀- ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် လွှဲပြောင်းတာဝန်ယူခဲ့ပြီး လားရှိုးကောလိပ်အဖြစ် ပြင်ဆင်ဖွဲ့စည်းလျက် မန္တလေးတက္ကသိုလ်နှင့် ပေါင်းစည်းခဲ့ပါသည်။
နိုင်ငံတော်အစိုးရမှ ၁၉၉၉-ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် လားရှိုးဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဖွင့်လှစ် ပေးခဲ့ပါသည်။
၂၀၀၇-ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် လားရှိုးတက္ကသိုလ်အဖြစ်သို့လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်စည်းခဲ့ပါသည်။